Showing posts with label အကောင်းဆုံး နံနက်စာ. Show all posts
Showing posts with label အကောင်းဆုံး နံနက်စာ. Show all posts

Friday, November 5, 2010

ပိန်ချင်သူတွေအတွက် အကောင်းဆုံး နံနက်စာ

(၁) ဂျုံကြမ်းဖြင့် ပြုလုပ်ထားသော ပေါင်မုန့်
ဂျုံကြမ်းနဲ့ ပြုလုပ်ထားတဲ့ ပေါင်မုန့်တွေမှာ အမျှင်ဓာတ်များစွာ ပါဝင်တဲ့အတွက် သင့်ကို တာရှည်စွာ အဆာခံနိုင်တယ်လို့ ဆွီဒင်မှ သုတေသနပြုသူတွေက ဆိုပါတယ်။ ဂျုံကြမ်းနဲ့ ပြုလုပ်ထားတဲ့ ပေါင်မုန့်ကို နံနက်စာ အဖြစ်စားသူတွေဟာ ဂျုံနုနဲ့ လုပ်ထားတဲ့ ပေါင်မုန့်စားသူတွေထက် ၃ နာရီ ပိုပြီး အဆာခံနိုင်ကာ အကျိုး သက်ရောက်မှုဟာ နေ့ခင်းအထိတောင် တာရှည်နိုင်တယ်လို့ ဆိုပါတယ်။
(၂) နွားနို့
အဆီမပါတဲ့ နွားနို့ကို နံနက်စာအဖြစ် စားသုံးသူတွေဟာ နေ့လယ်စာမှာ အစာ စားတဲ့ ပမာဏကို လျှော့ချနိုင်ပါတယ်။ သြစတြေးလျတက္ကသိုလ်မှ သုတေသန ပြုသူတွေက နံနက်စာကို နွားနို့ သောက်သူတွေဟာ အချိုရည် သောက်သူတွေထက် ပိုမို ဗိုက်ပြည့်တင်းမှု ရစေပြီး နေ့ခင်းအစာစားချိန်မှာ ၂၀၀ ကယ်လိုရီလောက် လျှော့စားဖြစ်တယ်လို့ တွေ့ရှိခဲ့ပါတယ်။
(၃) ကြက်ဥ
အစားလျှော့စားသူတွေအဖို့ နံနက်စာကို ကြက်ဥစားသုံးရင် ကိုယ်အလေးချိန် ပိုလျော့နိုင်တယ်လို့ US မှ လေ့လာမှုအရ သိရပါတယ်။ နံနက်စာကို ကြက်ဥ နှစ်လုံးနဲ့ စတင်သူတွေဟာ ကိုယ်အလေးချိန် ၆၅ ရာခိုင်နှုန်း ပိုလျော့ပြီး BMI ၆၁ ရာခိုင်နှုန်း ပိုကျကာ စွမ်းအင်အဆင့်တွေ ပိုကောင်းတယ်လို့ ဆိုပါတယ်။