Showing posts with label ဒဿန. Show all posts
Showing posts with label ဒဿန. Show all posts

Friday, November 5, 2010

ဒဿနဟုဆိုရာ

ဒဿနဆိုသည်မှာ လူအများက လက်ခံသော အဆိုစကားများ (သို့) အဆိုအမိန့်များပင် ဖြစ်သည်။ များပြားလှစွာသော သမိုင်းဝင်ပုဂ္ဂိုလ်ကြီးများ ပညာရှင်များ ပြောကြားခဲ့သော အဆိုအမိန့်များပင်ဖြစ်သည်။
ရွေးချယ်ခွင့်
တစ်ခါတုန်းက ဂရိတို့ ခေါမတို့ခေတ်မှာ ဆိုကရေးတီးဆိုတဲ့ အတွေးအခေါ် ပညာရှင်တစ်ယောက် ပေါ်ပေါက်ခဲ့ဖူးတယ်။( ဟဲဟဲ ခများတို့ မသိလောက်သေးဘူးထင်လို့)။
အဲဒီနောက်မှာတော့ အရစ္စတိုတယ်ဆိုတဲ့ နာမည်ကျော် လူသိများတဲ့ တပည့်တစ်ယောက်လည်း ပေါ်ပေါက်ခဲ့ဖူးတယ်။ ပြောချင်တာက သူတို့ဆရာတပည့် နှစ်ယောက်ရဲ့ အကြောင်းပါ။ ဆိုကရေးတီး နာမည်ကျော်ရတာဟာ အရစ္စတိုတယ်ရဲ့ ပယောက မကင်းခဲ့သလိုပဲ အရစ္စတိုတယ်ရယ်လို့ ဖြစ်လာတာဟာလည်း ဆိုကရေးတီးလို ဆရာကောင်းကြောင့် ဖြစ်လာရတယ်လို့ ဆိုပါတယ်။